www.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.ws
: ရိုးသားလှသော..သူငယ်ချင်းနှင့် " Bio"...

Wednesday, April 30, 2008

ရိုးသားလှသော..သူငယ်ချင်းနှင့် " Bio"...

ကျွန်တော်..၉.တန်းကျောင်းသားဘ၀...ဂုဏ်ထူးလေး ၁ လုံးနှင့် “ သိပ္ပံ” ကျောင်းသားလေးဖြစ်ခဲ့ ပါပြီ...


“ သိပ္ပံ ” ကျောင်းသား/သူများကို နှစ်ခန်း ထပ်ခွဲပါ သည်... လူတော်များရှိရာ ( A) ခန်း နှင့် ကျန် ကျောင်းသား/ သူ များ နှင့်
(B) အခန်း ( နှစ်ခန်းကြီး များတောင်) ကျွန်တော် ( B ) ခန်းတွင်စတင်တက်ရ ပါတော့သည်...
သူငယ်ချင်း တော်တော် များများ( A )သို့ ရောက်ကြပါသည်၊ ။
ဂလိုနဲ့  ...၂. ရက် ၃.ရက်ခန့် ကြာသောအခါ ကျွန်တော်ရယ် "မင်းဇော်" ရယ် နောက် နှစ်ယောက်လား သုံးယောက်လား မမှတ်မိတော့ပါ..(A) အခန်းလူလိုသေး၍လာခေါ်သောအခါ (A) အခန်းသို့  ကျွန်တော်တို့  Roll နောက်ဆုံးဖြင့် ရောက်သွားပါတော့သည်...
( စံနစ်သစ်အစ နှင့် ကျွန်တော်တို့ ပေါ့ဗျာ)
အားလုံးသိတော်မူ သည့် အတိုင်း... " Bio" ဆိုတာကြီးနှင့် နပန်းသတ်ရပါတော့သည်.မျက်နှာပူ စရာများ နားရှက်စရာ များစကြုံရပါပြီ.
(ဒါတောင်...ဆရာမ ကအကြောင်းသိ “ ဂျမ်း” ဖြစ်နေပေလို့ .)



တစ်နေ့ ...ထုံးစံအတိုင်း မပါမဖြစ် Reproductive system စပါပြီ
အဲဒီမှာပြောချင်တာလေး တစ်ခုက..ရိုးသားလှသော တိုင်းရင်းသား ကျွန်တော့် သူငယ်ချင်း ကြီး “ မောင်ဟန်” ကဲ နံမည်ကို သာကြည့်ကြပါတော့ကုန်.အနေလဲအေးကာ စကားပြောလည်းနည်းပါသည်...( မြန်မာ လိုမပီလို့ လည်းဖြစ်ပါ မည်) :D
ကဲ သင်ခန်းစာအကြောင်းဆက်ပါမည်..( မရိုသေ့ စကား) “ Reproductive Systm ” ဆိုတော့ကာ ကျောင်းသား/ သူ တွေအားလုံး ခေါင်းများငုံကာ နားထောင်နေ ကြပါတော့ သည်...( ရှက်ကြလို့ )
ဆရာမ က... စာစတင်သင်လေရာ..မျိုးပွားရာတွင်.“ Testis ” ကနေ “ Ovary ” ကို မျိုးဗီဇ တွေထုတ်ပေးတာ ဖြစ်တယ်. Testis ဆိုတာ “ ဝှေးစေ့” ကိုပြောတာ.ဟုရှင်းပြပါသည်...ထိုစဉ် ကျေးဇူးရှင်မောင်ဟန် လက်ကလေးထောင်လိုက်ပါတော့သည်။
ဆရာမ ကလည်း “ ကဲ..မောင်ဟန် ပြော ” ဟု ဆိုလိုက်ရာ..မတ်တပ်လေးရပ်၍ လက်ကလေးပိုက်ကာ မေးလိုက်သည်က...
“ ဆရာမ.. ဝှေးစေ့ ဆိုတာ ကျွန်တော်မသိလို့ ပါ .ဆရာမ” ကဲ...အေးရော..မိန်းကလေး များကလဲ တခွိခွိဖြစ်ကုန်ပါပြီ...
ရုတ်တရက် ကြီးဆိုတော့ ဆရာမ ပင်ကြောင်သွားပါသည်.ဘေးနားက သူငယ်ချင်းများက သူ၏ ပုဆိုးစကို ဆွဲကာထိုင်ခိုင်းသော်လည်း ရိုးသားလွန်းသော ကိုကိုဟန် မှာ “ ငါမှ မသိတာ မမေးရဘူးလား.” ဟုပင် ဘုတောလိုက်ပါသေးသည်...
(လုံးဝပြန်မထိုင်ပါ.မသိရမချင်းထိုင်မဲ့ပုံတော့ မပေါ် )
အခြေအနေ အမှန်ကို သဘောပေါက်သွားသော ဆရာမ ပင်ရှက်ပြုံး ပြုံးကာ.“ ကဲ. နင်တို့  သူငယ်ချင်းကို နင်တို့ ဘဲရှင်းပြ လိုက်တော့ ”
ဆိုကာ ရှောင်ပေးလိုက်ပါသည်...
ဘေးကသူငယ်ချင်းတွေက လည်းကျယ်ကျယ်မပြောရဲ တော့တိုးတိုးလေးပြော. သူကမကြားတော့ “ တ ဟင်ဟင်နဲ့ ” ရယ်သံတွေကလည်းကျယ်ကျယ်လာလေပြီ..ရှင်းလေရှုပ်လေ ဆိုတာမျိုးထင်ပ..
အဲဒါနဲ့ နောက်ဆုံး..ဆရာမကဘဲ...“ ကဲ. မောင်ဟန် ရေ ဝှေးစေ့ ဆိုတာ နင့်ဆီက ဟာ..ဟေ့.မသေမချင်း မှတ်ထား. ထိုင်တော့ ” ဆို လိုက်ရာ...တစ်ခန်းလုံး “ အုန်း ” ကနဲ ရယ်ချလိုက်ကြပါတော့သည်..
“ ကျွန်တော့် ဆီကဟာ..ကျွန်တော့်ဆီက. ဘာပါလိမ့် ” ဟုဆိုကာ တတွတ်တွတ် နှင့် ..မသိသားဆိုးဝါးလိုက်ပုံကတော့...
( ဒါတောင်...သူလိုချင်တဲ့ အဖြေမရသေးလို့  မထိုင်ချင့်  ထိုင်ချင် နဲ့ ထိုင်ချလိုက်ကာ ဘေးကသူငယ်ချင်း နှစ်ယောက်ကို တီးတိုးမေးပါတော့ သည်...)
တစ်ခဏအကြာ. . သူ့ ထံမှ အသံနက်ကြီးနဲ့ ထ “ ရယ် ” သံကြီးကြား လိုက်ရပါတော့သည်.. (ကိုင်း...ရိုးချက်)...
ထို့ နောက်တွင် မတော့ “ ဆရာမရေ...ကန်တော့. ကန်တော့ ” ဟုတောင်းပန်နေပါတော့သည်။
ထိုစဉ်...အချိန်ပြောင်းသွားလေရာ..ဆရာမ..သည်ခေါင်းလေးတခါခါ နှင့် “ မောင်ဟန်..နင်ကတော့လေ ” ဆိုကာ အိတ်ကလေးကိုင်ကာထွက်သွားပါတော့သည်...
( ထိုနောက်.. ၂ .ရက် ၃.ရက် ခန့်  မောင်ဟန် ကျောင်းမလာတော့ ပါ .ရှက်လို့ ဟုဆိုပါသည်)


ရည်ညွန်း။...။...။ ရိုးသားလွန်းရှာသော တိုင်းရင်းသား သူငယ်ချင်း “ မောင်ဟန် ” နှင့်  ဆရာမ ထံသို့ ။ ။



2 comments:

Apprenticeship said...

inn try your best brother.. I'm sure you can do it. :)

Anonymous said...

Hee! သားလဲသိဘူး။ အဲဒါဘာလဲဟင်...ဟီ...ဟိ