ရည်ညွန်း။ ။ လက်ဦးဆရာ. ဆရာမ “ ဂျမ်း” အားဦးညွတ် ကန်တော့လျှက်....
ကျွန်တော်တို့  ဆရာမနဲ့  ၈. တန်းကျောင်းသားဘ၀မှာ ဆုံဆည်းခွင့်ရခဲ့ ပါသည်။ ဆရာမ က “ သိပ္ပံ” သင်ပါသည်..ကျောင်းစတက်ချိန်မှ နှစ်ချိန်ဆက်တက်ပြီး ရင်မုန့် စားချိန် ၁၅ မိနစ်ပေးပါသည်...အဲဒီ ၁၅ မိနစ်ဟာ ကျွန်တော်တို့ ရဲ့ အသည်းအသန် ဘောလုံးကန်ချိန်ပါ...
(အဲလို... ရူးကြပါသည်)
တစ်ရက်..ထို ဒုတိယ အချိန်..သူမစာသင်ပြီး၍ နာရီကြည့်လိုက်ရာ အချိန်က စေ့ပြီ ခေါင်းလောင်းက မ ခေါက်သေး. ကျွန်တော်တို့ က ဖင်တကြွကြွ.
ဒါပေမဲ့..မည်သူကမှ စောဒက မတက်ရဲ. ကြောက်တာကိုး...( သိပါသည် ကျွန်တော်တို့  အကြောင်း.သူ့ တပည့်တွေ ဘဲဟာ.သိပ်သိတာပေါ့ )
အဲ ဆရာမ ဘာလုပ်တယ်ထင်လဲ ဗျား...
သူမရဲ့  နာရီလေးကိုကြည့် ကာ.“ ငါ လဲသင်ပြီးပြီ.အချိန်လဲ စေ့နေပြီ. ခေါင်းလောင်းက ဘာလို့ မထိုးသေးတာတုန်း..ကဲ ငါဘဲသွားထိုးလိုက်တော့ မယ်...ဒါပေမဲ့ ဟိုဘောရူးတွေခေါင်းလောင်းထိုးပြီးမှ ဆင်း..ကြားလား.” ဆိုကာ အိတ်ကလေးလွယ်ကာ ထွက်သွားပါတော့သည်...
ကျွန်တော်တို့ လဲ အသင့်အနေအထား နဲ့  ဘောလုံးပိုက်ကာ စောင့်နေလိုက်ကြပါတော့သည်. သိပ်မကြာ “ ဒေါင်.ဒေါင်.ဒေါင် ” ဟူသော အသံ နှင့် အတူ ဆရာမ ၏ အရိပ်လေးခေါင်းလောင်းရဲ့  ဘေးတွင်တွေ့ လိုက်ရပါတော့ သည်။မည်သည့် ဆရာ/ဆရာမ မှ ခေါင်းလောင်းထိုး ချင်း Bell တီးချင်း ကျွန်တော် ငါးတန်း ကနေ ဆယ်တန်း အထိ မကြုံ ဘူးခဲ့ ပါ.ကျောင်းအကူ ဦးလေးကြီး သာလုပ်သောအလုပ်ပါ။(မှတ်ချက်။ ။ တစ်ချိန်နှင့် တစ်ချိန်ပြောင်း ရင်သာ ' Bell ' ကိုသုံးပါသည်. ထိုခေါင်းလောင်းကြီးမှာ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့တည့်တည့်တွင် ရှိလေသတည်း..)
အဲဒီလို ကနေ.စာမေးပွဲ ကြီးနီးလာတာ နှင့် ' Revision ' ပြန်ချိန်လည်းရောက်ရော...ဆရာမ အချိန်ရောက်ရင် ကျောင်းခေါ်ချိန်စ ခေါ်ပါသည်. ပြီးတာနဲ့  “ ဟို..အကောင်တွေ ပြန်နားမထောင်ချင်ရင်.ကြိုက်တဲ့နေရာ သွားကန်ကြ.ကျောင်းအုပ်ကြီးမမြင်စေနဲ့ ” တဲ့..အဲဒီလောက်အထိ တပည့်များကို နားလည်မှုရှိ ပါသည်... အဲပြောမရ လို့ ကတော့ ဗိုက်ခေါက်ကြော ပြတ်ပြီသာမှတ်.( စည်းကမ်းကြီးသလောက်... သဘောထားပြည့်ဝနားလည်မှု ရှိသောဆရာမ ပါ)နောင်နှစ်ကြ ရင် “ သိပ္ပံ” နှင့် “ ၀ိဇ္ဇာ” ခွဲမှာ ဖြစ်၍ စာကြိုးစားကြရန် တဖွဖွ မှာပါသည်. ကျွန်တော့်တို့ စိတ်ထဲ၌ လည်း...ဒီတစ်နှစ်ပြီးရင်. ဆရာမ နှင့် ဝေးပြီဆိုကာ စိတ်မကောင်းကြ.မိန်းကလေး များဆိုလျှင် တရှူံရှူံ။
နောက်နှစ်.
သတင်းဆိုး...
၈- တန်းစာမေးပွဲ ဖြေဆိုပြီး ၍ နွေရာသီကျောင်းပိတ်ရက်မှာ. စာအလွန်တော်သော “ မိုးကြွယ်” ( သူနဲ့  Rool No. 1 “ စံကြီး ” တို့ က အပြိုင် No.1 နေရာ လုနေကြ ) ကျောင်းပိတ်ရက်မိသားစု နှင့် အပန်းဖြေခရီးထွက်ရင်း ရေနစ်သေးဆုံးသွားခဲ့ ပါသည်. အနီးအနားတွင်သာဖြစ်ပါသည်. သတင်းဆိုးကြားကြားချင်း မယုံကြည်နိုင်ခြင်းများနှင့် အတူသူ့ အိမ်သို့  တန်းပြေးပြီးသူငယ်ချင်းအားလုံးကို အတည်ပြု အကြောင်းကြားပေးလိုက်ပါတော့ သည်. ကျွန်တော်တို့ တစ်တွေ ၁၃.နှစ်သားဘဲ ရှိကြပါသေးသည်၊ ရက်စက်လှသော ကံကြမ္မာ .ကျွန်တော်တို့  တွေဆီက ဆွဲထုတ် သွားရက်လေခြင်း...အရွယ်မရွေးသောသေချင်းတရား ဆိုတာ အဲဒီတုန်းက မသိ..တောက်တခေါက်ခေါက်.လက်သီးတဆုပ်ဆုပ် နှင့်သာ..ဆရာ/ ဆရာမ များဆိုသည် မှာ ပြောဖွယ်ရာ မရှိ..စိတ်မကောင်းကြ...ကျောင်းအုပ် ဆရာကြီး ဆိုလျှင် “ အောင်စာရင်းလေး တောင်ကြည့် ခွင့် မရသွား ပါလား.. ငါ့ တပည့် ရယ်.” တဲ့အားလုံးယူကျူံးမရ ဖြစ်ရပါသည်...ဒါပေမဲ့...အောင်စာရင်းထွက် လာပါပြီ...သွားလေသူ သူငယ်ချင်း ၅ ဘာသာဂုဏ်ထူး နဲ့ ကျောင်းဂုဏ်ကို ဆောင်ပေးသွားခဲ့ ပါသည်...(ဘ၀ ဆက်တိုင်းဆက်တိုင်းမှာဒီလို အဖြစ်ဆိုးမျိုးနဲ့  မကြုံတွေ့ ပါစေ နဲ့ လို့  ဆုတောင်းပေးရင်း..)
သတင်းကောင်း...
ကျွန်တော်တို့  ၉ - တန်းတက်တော့ ' Billogy ' သင်မယ့် ဆရာက ကျွန်တော်တို့  အချစ်တော် “ ဂျမ်းဂျမ်း” ဖြစ်နေပါတော့သည်..
ဝမ်းသာလိုက်ကြသည့်ဖြစ်ခြင်း.“ ငါ. နင်တို့ ကိုစိတ်မချ လို့ လိုက်လာတာ ဟေ့. ချစ်လွန်းလို့  မထင်နဲ့ ” တဲ့  ကောင်းရော...မည်သို့ ပင်ဆိုဆို...ကျွန်တော်တို့ တွေပျော်ကြပါ သည်။ ကိုယ့်ဆရာမ ဆိုတော့ အတိုင်းထက်အလွန်ပေါ့...ဗျာ.
စောလျှင်စွာ သံယောဇဉ်ကြိုးဖြတ်ကာအနိုင်နှင့် ပိုင်းသွားသော သူငယ်ချင်း “ မိုးကြွယ် ” တမ်းချင်း...
Tuesday, April 29, 2008
ဖြစ်ခဲ့ ကြုံခဲ့ ရသော မှတ်တိုင်လေးတွေ...
Labels:
ဘ၀မှတ်တိုင်.(၁)
Subscribe to:
Post Comments (Atom)





No comments:
Post a Comment