www.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.ws
: June 2008

Sunday, June 29, 2008

¶ တိုတို... ထွာထွာ ¶



ကျွန်တော်တို့  ဆိုဆိုနေကျ သီချင်းလေး တစ်ချို့ ဆိုပြချင် လို့ ပါဗျာ.
အဆောင်မှာ ဘဲ ဖြစ်ဖြစ် အိမ်မှာဘဲ ဖြစ်ဖြစ်
လူငယ် ဘာသာဘာဝ ဆိုခဲ့ကြဖူးမှာပါ
အမှူ့ မဲ့ အမှတ်မဲ့ ဖြစ်နေလို့ သာ ဂရုမစိုက်မိတာပါ...


အဆောင်နေ ကျောင်းသားဘဝ ဆိုဖြစ်တဲ့ သီချင်းလေးတွေကတော့.
လဆန်းရက် မှာဆိုဖြစ်တာက.
♪.သူမလာ. လာ. လာ. လာ. လာ. လာ.♫. ကိုယ်ကစောင့် ရမှာ.♫.♪

အဲ.ယူထားတဲ့ အကြွေးတွေ မဆပ်ချင်သေးဘူးဆိုရင်..
♪.တို့ ကမေ့တတ် တယ်နော်.♫. အချစ်. ♫.♪

အကြောင်းသိ သူငယ်ချင်းတွေ အကုန်ကျခံ ကျွေးမွေးရင်တော့
♪.စားမှာဘဲ ဝါးမှာဘဲ.♫. ဗိုက်ပေါက်အောင် စားမယ်.♫.♪

လကုန်ခါနီး တစ်ပါတ်လောက် အလို
♪.သွားပီ ♫.မရှိတော့ ဘူး.♫.♪



ဒီလိုနဲ့  လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့ အခါ...
Interview အခါခါခေါ်ပြီး အဆင်မပြေ ဘဲ ပြန်ခဲ့ရရင်
♪.ဒီလမ်းထဲကို.♫.နောက်တစ်ခါ .♪.ဘယ်တော့မှ မလာတော့ဘူး.♫.♪

အလုပ်လုပ်ရင်း ..
OT အပြည့် အဝ မရခဲ့ရင်
♪.ရွှေပြည်တော် ♫.ရယ်မျှော်လေတိုင်း.♪.ဝေး.♫

တစ်နှစ်ပြည့်လို့  Bonus ကိုယ်တစ်ယောက်ထဲ မရခဲ့ရင်
♪.ငါ မင်းကို.♪.သတ်ချင်တယ်.♫.♪



သြော်.မေ့လို့ .စိတ်ထဲရှိတာ “ဝင်ဟဲ” သွားလို့ ရတယ်နော်...

Read More...

Sunday, June 22, 2008

ဖြစ်တတ်ပါတယ်.

ဟာသဟောင်းလေး တစ်ခုပါ.
မြန်မာ သဘောင်္သား (၃)ယောက် Transit အတွက် အထပ်(၁၀၀) ရှိတဲ့ ဟိုတယ် ကြီးတစ်ခုမှာ
တည်းနေကြတယ်ပေါ့ဗျာ.
(၃)ယောက်သား တစ်နေကုန် လည်ပတ်ပြီး “ည” ဟိုတယ် ပြန်ရောက်တော့  ဇာတ်လမ်းကစပါပြီ.
ဧည့်ကြိုကောင်တာ မှ တစ်ခုတည်းသာရှိသော ဓါတ်လှေကား ချို့ ယွင်းနေပါသဖြင့်
“လူကြီးမင်း တို့ အားတောင်းပန်ပါကြောင်း နှင့် နံနက်မှ ပြန်လည်သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း”
“Lobby ”ထဲတွင် ထိုင်ခိုင်းကာ “Gathering Juice ” များတိုက်ကာ အနူးအညွတ်တောင်းပန်၍
ဧည့်ခံပါလေတော့သည်။


(သူတို့ စိတ်ဓါတ် ကျသွားကြပါသည်။ အခန်းက အထပ် (၁၀၀) တွင်ဖြစ်နေသောကြောင့်ပါ.)
(၃)ယောက်သား ခေါင်းချင်းရိုက်တိုင်ပင်ကာ ဟိုတယ်ပြောင်းရန်လည်း မဖြစ်သည့်အဆုံး
မြန်မာ ပီပီ လမ်းလျှောက်တက်ရန်သာ ဆုံးဖြတ်လိုက်ကြပါတော့သည်။
(ထွေထွေလေးနဲ့ တက်ရန်ဦးတည်လိုက်ပါသည်)

ပထမ တစ်ယောက်က .
“ငါ.က မပျင်းရအောင် ရယ်စရာလေးတွေ ပြောမယ်”
ဒုတိယ တစ်ယောက်က လည်းအားကျမခံ ..
“ငါ.ကတော့ လွမ်းစရာ၊ ငိုချင်စရာ လေးတွေပြောမယ်.ကွာ”
တတိယ တစ်ယောက်က ...
“ဒါဆိုရင်.ရပြီ ငါက နားထောင်ပြီး ဘဲလိုက်တော့မယ်. လိုအပ်မှ ဝင်ပြောမယ်.ကွာ”
ဆိုကာ (၃)ယောက်သား ငိုလိုက်၊ ရယ်လိုက်နဲ့ တက်လာကြရင်း (၉၉) ထပ်အရောက်မှာတော့.

တတိယ တစ်ယောက်...
“ငါပြောစရာ ရှိတယ်ကွာ.မင်းတို့ ရယ်ချင်လည်းရယ်၊ ငိုချင်လည်းငို ကြကွာ”
ကျန် ၂- ယောက်စလုံးက...
“အဲဒီလို စကားမျိုး လုံးဝမဖြစ်နိုင်ဘူး.တစ်ခါမှ လည်းမကြားဖူးဘူး. ကဲ.ပြောစမ်းပါဦး.”

“မပြောမဖြစ်လို့ သာပြောရတာပါကွာ. ငါတို့ အခန်းသော့ ဧည့်ကြိုကောင်တာ မှာ ကျန်ခဲ့တယ်”

Read More...

Sunday, June 15, 2008

အိုဗျာ.ဘာတဲ့.ပြောကြမယ်ဟဲ့..ငြင်းကြမယ်. ဟေ့


ကျွန်တော့် ဆီကို အလည်အပတ်ရောက်ရောက်လာတတ်သော
ချစ်လှစွာသော “အမည်မဲ့” များအတွက် ဒီ Post လေးလုပ်ပေး
ထားပါတယ်. စိတ်ဝင်စားသူများ ဝင်ဆွေးနွေးနိုင်ပါတယ်.
မြန်မာတွေ အချင်းချင်း အကျိုးရှိရှိ ဖြစ်စေချင်ပါတယ်.

အထူးမေတ္တာရပ်ခံချက်။.....။ အမျိုးသမီးများ ပါဝင်နိုင်သောကြောင့်
ဆဲရေးတိုင်းထွာမှု ကင်းကာ ယဉ်ကျေးနိုင်ပါစေ. (ဦးတော် လည်းရှိတယ်နော်)

ကဲဟေ့..Anonymous တွေ Blog မပြီးခင်စပ်ကြား...
သဘောရှိ...




ပုံကို Credit မပေးလို့  လာမရမ်းနဲ့  နော်. အားလုံး သူများ Blogger.com က
သူများ Template တွေ အခန့် သင့်ယူသုံးနေ ကြသူအချင်းချင်း..



Read More...

Saturday, June 14, 2008

ပီတု ဖခင်မီးအိမ်ရှင် ( OuR DaD)


ကျွန်တော်တို့  အမှုမဲ့ အမှတ်မဲ့ ဖြတ်ကျော်လာခဲ့ပေါင်းများ လှပြီ.
ဒီလ (၁၅) ရက်လေးကို နိုင်ငံ အတော်များများ မှာတော့.
“ အဖေများနေ့ ” လို့ သတ်မှတ်ထားကြပါတယ်. တစ်ချို့ နိုင်ငံတွေလည်း
စောတာနဲ့ နောက်ကျတာပဲ ကွာပါတယ်. ကျင်းပကြပါတယ်.
များမြောင်လှသော ကိစ္စများနဲ့  မိသားစု အတွက်မားမားမတ်မတ်
ရပ်တည် ရင်ဆိုင်ဖြေရှင်းပေးခဲ့ တာလည်း.. အဖေ ပါဘဲ လေ.


မိသားစု အားလိုလေသေးမရှိ ဖြည့်စည်းပေးခဲ့သော. အဖေ.
သားလည်း အခု အဖေ နေရာကို ရောက်ရှိလာပါပြီ.
အဖေ့လိုဘဲ မိသားစု အပေါ်တာဝန်ကျေဖို့ ကြိုးစားနေဆဲပါ.

အဖေ့.ပြောခဲ့တဲ့ စကားလေးက

“ ငါ့.သားရယ်. မင်းတို့ ပြောပြောနေတဲ့ ဒီမိုကရေစီ ဆိုတာ
ဘာမှန်း မသိရပေမယ့်. အဖေ တို့ ငယ်ငယ်တုန်းက ကြီးပျင်းလာ
ခဲ့ရတဲ့ “ဦးနု” လက်ထက်က ဒီမိုကရေစီ ရဲ့ လွတ်လပ်မှုမျိုးကိုတော့ ငါ.
မသေခင်လေး မြည်းစမ်းကြည့်ချင်ပါသေးတယ်.”
.တဲ့. ဗျာ

အသက်(၇၆) နှစ်ရှိပြီဖြစ်သော ဖခင်ဆီသို့ ...
လက်ဆယ်ဖြာမိုး ရှိခိုး ဦးချလျှက်

Read More...

Thursday, June 12, 2008

ဆုတောင်း ... WisH!

ကျွန်တော့်. နာမည်လား “ငနီ” တဲ့ဗျ...
ကျွန်တော် တို့ ညီအစ်ကို မောင်နှမတွေ ကအများကြီး ဘဲ.
ဒီ စားကျက်ကွင်း ကြီးထဲမှာ ကြီးပျင်းလာခဲ့ကြတာ.
အဲဒီလို နဲ့ .တစ်နေ့ မှာ“လူ”တစ်ယောက် ရောက်လာပါရော.
စိတ်တိုင်းကျခိုင်းချင်လို့ ပါပေါ့.
ခြံပိုင်ရှင် ကလဲ “စိတ်တိုင်းကြ စမ်းသပ်ကြည့် ပါပေါ့”
အပြင်က ပုံစံတူ တစ်ကောင်ကို သူ့ စိတ်ကြိုက် အမျိုးစုံ စမ်းသတ်တယ်.
ရုန်းအား၊ ဆွဲအား၊ ခံနိုင်ရည် (ဝန်ပါ၊ ဝန်မဲ့)
အိုဗျာ. စုံနဖာစိ နေတာဘဲ. စမ်းသတ်လိုက်ချက်တွေကတော့.မီးထွက်မတတ်ပါဘဲ.


အဲ. မေးလိုက်သံကြားတယ်ဗျ.ဘာတဲ့.“ သွားပြာ” ကောပါရဲ့ လားတဲ့.
ဗုဒ္ဓေါ. တစ်ခါမှ မကြားဖူးပါဘူး. ကြားဖူးတာက “အလကား.ရတဲ့နွား သွားဖြဲမကြည့်နဲ့ တဲ့”
သွားစုံရင်ပြီးရောပေါ့ဗျာ.နော့.ကျွန်တော် နားကြားလွဲ တာဖြစ်ပါလိမ့်မယ်.
အဲ. သူစိတ်တိုင်း ကျပီလဲဆိုကော. ကျွန်တော့် ကိုလက်ညှိုးထိုး ပီး.
“ဒီကောင်ဘဲ ယူတော့မယ်”တဲ့. အေးရော.

ဒီသခင် သစ်လက်ထဲရောက်တော့.
ရောက်ခါစ ( ၈) နာရီ လောက် အနားပေးရမယ့် ဟာကို
(၃)နာရီလောက်နဲ့  စမောင်းတော့တာပဲ. တစ်ယာညက်လောက်ပဲ ပေါ့ဗျာ.
အဲဒီ နေ့ သိပ်တော့ မလုပ်လိုက်ရပါဘူး..
(အပျော်ရွှင် ရဆုံးနေ့ လေးတစ်နေ့ ပေါ့).

ဒီလိုနဲ့ .ရက်တွေ၊ လတွေ ကြာလာတာနဲ့ အမျှ
ကျွန်တော်ထွန်ရေးပြင် ကြိုးစားရပါပီ...
ယာတွေလည်းညက်ညက်ကြေ.သခင်ကလည်း တပြုံးပြုံး နဲ့ 
မရောက်ဖူးသေးတဲ့. ယာမြေ အသစ်တွေလည်း ရောက်တတ်သေးပါ့.
သခင့်ဘဝ မြင့်မားရေး၊ ဥစ္စာဓန တိုးပွါးရေး.
ကျွန်တော် ဘဲစွမ်းဆောင်ပေးခဲ့တာ.ပျော်ရွှင်စရာ အတိပါဘဲ.

အဲဒီမှာ.ထူးဆန်းတာက လင်ရော၊မယားရော ကျွန်တော့်ကိုကျွမ်းကျင်စွာ ထိန်းကျောင်းနိုင်တယ်ဗျ.
တခါတလေ.သား၊ သမီးတွေ ကပါ ဝင်ဝင်ဆော့တတ်သေးတယ်။
သူတို့ တွေ “နကန်” (နွားရိုက်ဒုတ်) မသုံးဘူးဗျ.
ကျွန်တော် လိမ္မာတာလည်း ပါတာပေါ့နော်.
အသာအယာဘဲ လက်ချောင်းလေးတွေနဲ့ ပွတ်သတ်ပြီးခိုင်းတာ.
အဲ.ကျွန်တော် “အမုန်းဆုံး” က သူတို့ ကိစ္စတစ်ခုပီးတိုင်းပီးတိုင်း
ကျွန်တော့် “ခေါင်း” ကို လက်သန်းလေးနဲ့  “ဖောက်” ကနဲ “ဖောက်” ကနဲ တောက်.တောက်သွားတာ.
အ န္တ ရယ်များတယ်ဗျ.“ ဦးဏှောက်” က အဲဒီနေရာ အောက်တည့်တည့်မှာ.
ထားပါတော့. ကိုယ့်သခင်တွေဘဲလေ.
ကျွန်တော်လား.“ရေ”တော့ကြောက်တယ်ဗျ.
အဲဒါကို သိတဲ့ သခင်က“မိုး”ထဲလေထဲ ကျွန်တော့်ကို မထားဘူး.
နွေးနွေးထွေးထွေး ပဲထားတယ်. ကျွန်တော် ကလည်း.
သက်သာရင်ပြီးရော. မိုးကြီး၊ လေကြီး ကျပြီး မိုးကြိုးတွေ ဒလစပ် ပြစ်တဲ့ရက်ကိုဘဲ
မျှော်မျှော်နေမိတယ်. ထူးတဲ့မောင် ပေါ့ဗျာ.

အဲဒီလို.နေလာရင်းကနေ..
ဘယ်သူ မြှောက်ပေးလိုက်တယ် မသိပါဘူး.
သခင် ခြေလှမ်းတွေပျက်လာတယ်.ကျွန်တော် လည်းသေလုမျောပါး ပင်ပန်းလာတယ်.
နေ့ ရော ည ပါ.
တစ်ခါတစ်လေ.မိုးလင်းတာက ရှိသေး..(ခန္ဓာကိုယ် ကပူကျစ်လာတဲ့ အထိပါဘဲ)
ဘယ်ခံနိုင်တော့ မလဲ. ကျွန်တော် ကမောက်ကမ တွေလျှောက်လုပ်ပလိုက်တယ်.
အဲဒီတော့ .စွမ်းဆောင်ရည်မပြည့် လို့ ဆိုပြီး.သခင်က စိတ်ဆိုးပြီး..
ကျွန်တော့်ကို “နဖားကြိုး” စထိုးပြီး“ခိုင်း” ပါတော့တယ်.( ကြိုးနဲ့ ကော ကြိုးမဲ့) ပါခိုင်းတာပါ.
စိတ်တိုင်းမကျတဲ့ အခါ မျိုးဆိုရင်.ကျွန်တော့်ကို ပြောသေးတယ်.“ ဒီကောင်.ပေကပ်ကပ်နဲ့ ”
အဆင်ပြေတဲ့ အခါပြောတာကတော့. “ဒါမှ.ဖေ့သားကြီး. ကွ” တဲ့...
အမှန်တကယ်ကိုဘဲ.ကျမ်းမာရေး ညံ့လာပါတော့တယ်...အဓိကတရားခံ လား.
ဟိုနှစ်ကောင်ပေါ့. ခြံကျော်ကျော်ပြီး ဝင်လာတဲ့ကောင်တွေလေ.
“မြင်း” နာမည်ပါတဲ့ကောင်ရယ်.နောက်ဗျာ.ဘာပါလိမ့်
“တီ” လိုလိုအကောင်တွေဘဲ. ရောဂါပိုးတွေ ကျွန်တော့်ဆီ ကိုသယ်လာတာ.
ရောဂါကလည်း အဆန်းသား(ခွါနာ၊ လျှာနာ) ထက်ဆိုးသဗျ.
သူတို့ တွေကြောင့် ကျွန်တော် ဝေဒနာတွေတိုးလာတယ်. အမြင်တွေဝေဝါးလာတယ်.
ဒါလဲဘဲ.ကျွန်တော် သခင့်ကိုသတိပေးခဲ့ပါသေးတယ်.
အဲ.ဘုန်းဘုန်းလဲတဲ့ အခါမတော့. သခင်က ဆေးမြီးတိုလေးတွေနဲ့ လက်ပူတိုက်
ကုသပေးလို့ .နာလန်ပြန်ထ လာနိုင်ခဲ့တယ်.
ဒါပေမဲ့.တရှောင်ရှောင်နဲ့ ပေါ့ဗျာ. ဘယ်လိုလုပ် စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါ့တော့မလဲ.
တစ်မိသားစုလုံးလည်း...ညိုငြင်လာကြတာပေါ့.
အနားတောင် ကပ်ဖော်မရ ကြတော့ဘူး..

ပြောနေတာ.စကြားရပါပြီ.
ကျွန်တော့်ကို တခြားတကောင်နဲ့  အလိုက်ပေးလဲ တော့မလိုလို.
သူများဘဲ လက်ဆောင်ပေးတော့ မလိုလို ကြားနေရတယ် ဗျ.
ကျွန်တော့်မှာတော့.. ရွေးချယ်ခွင့် မရှိရေးချ မရှိ.ပေါ့ဗျာ.
ကံ ဇာတ်ဆရာ အလိုကျ “က”ရမဲ့ မျက်နှာမွဲ ဘဝ တွေဘဲလေ.
သူတို့ နဲ့ ရေစက် ပါသလောက်ပဲပေါ့.. စိတ်ထဲတော့ တစ်မျိုးဘဲဗျ.

ဘယ့်နှယ်ဗျာ. ခိုင်းတုန်းက မတရားသဖြင့် ခိုင်းပြီး၊ သူတို့ ဂရုမစိုက်ခဲ့လို့ 
ကျွန်တော် ရောဂါရပြီး စွမ်းဆောင်ရည် ကျတဲ့ အခါမှာတော့
လှည့်ကြည့်ဖော်တောင် မရတော့တဲ့ “လူ”တွေအတွက် ကျွန်တော့်ကို
ဆုတောင်ခွင့်လေးတော့ ပေးစေချင်ပါတယ်.
အဲဒီ ဆုတောင်လေး ကတော့...


ဆုတောင်း....*** ဖြစ်လေရာ ဘဝ ဆက်တိုင်းဆက်တိုင်း “BLogger” တစ်ယောက်ရဲ့ 
“ Computer” ဘယ်သောအခါမှ “မဖြစ်ပါရစေနဲ့ ” .***
**ဆုတောင်းမပြည့် ဘဲ “Computer” ပြန်ဖြစ်ခဲ့ရင် တောင် “ မြန်မာ” နိုင်ငံ ၌သာ ဖြစ်ရပါလို၏.**


ကျွန်တော့် အား. Software ပညာရှင်နဲ့  Hardware ပူးပေါင်းလုပ်ဆောင်ပေးနိုင်ရင်တော့
ဒီလို သာကျေးဇူးဆပ်လိုက်ချင်ပါတော့တယ်...

Read More...

Wednesday, June 4, 2008

ဘာကြီး... တုန်း (Wot dat Hell ???)

အားလုံး...သိပြီးသား ဖြစ်မှာပါ.

မသိသေး သူများအတွက်ပါ.
မျက်စိ ရှင်ရှင်ထားကြည့်ပါ..
ဘာပုံလေး လဲလို့ .
တစ်ပုံ ထဲတော့မဟုတ်ဘူးနော်...
နှစ်ပုံ ကြီးများတောင်.
ကြိုးစား ရှာကြည့်ပါဦး...





အဖြေမှန် သူများ.

“ တီး” အိမ်လေးမှာ လ္ဘက်ရည် အဝ သွားသောက်လိုက်ပါ...
(အလှူ့ လ္ဘက်နဲ့  မျက်နှာလုပ်ခြင်းပါ)

ပေါ့ပေါ့ပါးပါး...စိတ်အပန်းဖြေ ရုံသက်သက်သာ.
အဖြေလေးကို အောက်ဆုံးမှာ မှာရှာကြည့်လို့ ရပါတယ်


Read More...