နာမည်က “ နာဂစ်စ်”..
မိဘတွေက “ ဦးဝါယော” နဲ့  “ ဒေါ်အာဘော”
ဇာတိကတော့ “ ကပ္ပလီ ပင်လယ်”
ကြီးပျင်းရာ အရပ်က “ ဘင်္ဂလား ပင်လယ်အော် ”
မျိုးရိုးက “ Cyclone” ... အပေါင်းအသင်းက “ Typhone” ... Girl friend က “ Tsunami ”
ရည်ရွယ်ချက်က လူအများအား “ Disaster ” ဖြစ်စေရန် ...
သွားချင်တဲ့ အရပ်က “ မြန်မာပြည်”...ရာရာစစ “မင်း” နဲ့ “ ရွေးကောက်ပွဲ ” က ဘာဆိုင်လို့ တုန်း....
ဘယ်ကလာမှန်းမသိ...ပြည်ဝင်ခွင့် မပေးတာ နည်းတောင်နည်းသေးတယ်. အဲဒီတော့... မင်းက
" Tornado"," Harricane", "Typhone" တို့ နဲ့ တိုင်ပင်ပြီး..
နဂိုကတည်းက ' Meteorology ' မှာရော အိုကွာ.အစစအရာရာ မှာ အားနည်းနေတဲ့ တို့ နိုင်ငံလေးကို
ပျက်ဆီးရာပျက်ဆီးကြောင်းကြံစည်တယ်..
ဒီနေရာမှာ တစ်ခုပြောချင်တာက...ခေတ်မှီတဲ့ နည်းပညာဖြစ်တဲ့ “ မိုးဇလ” အတွက် စက်ပစ္စည်းနဲ့ " Software" တွေကို
အမေရိက ကတို့ တွေ နိုင်ငံအတွက် Ban ထားတယ်. အာရှမှာ သုံးနိုင်တာ ဆိုလို့  Japan တစ်နိုင်ငံ ထဲရှိတယ်...
Software ရေးပေးတဲ့ India တွေတောင် 2000 လောက်က အဟောင်းလေးဘဲသုံးနိုင်တာ...
အဲဒီအားနည်းချက်ကိုသိနေတဲ့ မင်းကတို့ တွေအလစ်အငိုက် မင်းရဲ့ သူငယ်ချင်းတွေတားနေတဲ့ ကြားက မလိုအပ်ဘဲ
အင်အားအပြည့်သုံးသွားတယ်.
မင်းကမေးမယ်...(ဟိုဘက်ကရှေ့ နေလိုက်နေတာလား) လို့  ပြောလိမ့်အုံးမယ် ( ငဖား...ငကြောက်) လို့ ...
မင်းထင်ချင်သလိုထင်...လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်..တို့ အရှေ့ တောင်အာရှ နိုင်ငံသားတိုင်း မွေးကတည်းက “ဘယ်ဖက်” လက်မောင်းမှာထိုးထားတဲ့ဆေးကလဲရှိသေး.
မင်းကတော့ ဘယ်ရှိပါ့မလဲ..သန်းခေါင်စာရင်းမရှိ မှတ်ပုံတင်မရှိနဲ့  သူကများ..
မင်းရဲ့ ရိုက်ချက်ကပြင်းတယ်..
ဆန္ဒမပါဘဲ လူပေါင်း တစ်သိန်းလောက်ကို တပါတည်းခေါ်သွားတယ်.အဲသူတို့  ကငြင်းတော့ ထန်းပင် အဖျားမှာ
ချိတ်လိုချိတ် လယ်ကသင်းရိုးထဲ ထိုးထဲ့လိုထိုးထဲ့..လုပ်ရက်ပါပေ့.
Blog တွေလည်းဖရိုဖရဲ. Blogger တွေလည်း အိမ်ပါပစ်ပြေးလား ပြေးရရဲ့ . တဆက်တည်းမှာ ဘဲ. Blogger တွေက
မင်းကို တညီတညွတ်တည်း Block လိုက်ပြီ.. “ ငဂစ် ”...
တချို့ ပြောသလို...အမေရိက မှာမုန်တိုင်းကိုတောင် ရွေ့ လို့ ရပြီတဲ့..သိပ်တော့မထင်ပါဘူး.ဒါဆို သူတို့ ရဲ့ 2005, Aug က
New Oleans ကိုဝင်သွားတဲ့ 'Katrina' ကိုရွေ့ ပစ်မှာပေါ့..ထားပါလေ သူများအကြောင်း...
အဲဒီလိုသာရခဲ့မယ်ဆို ရင် မင်း ဇာတိချက်မြုတ်ကိုဘဲ တို့ တတွေပြန်လွှတ်ပေးလိုက်ချင်တော့တယ်...
ဘာလဲ မင်းပြောနေတာက မင်းတို့ ရဲ့ အရင်းအမြစ်တွေကို တို့ တတွေက ယူသုံးလို့  ...ဟုတ်စ
ရော..ခက်ပြီ တို့ တစ်နိုင်ငံ ထဲမှမဟုတ်တာ..မင်းကြီးဒေါ်ကြီး တွေဆီမသွားရဲတာ နဲ့ ဘဲ..
၁၉၅ဝ ခုနှစ်လောက်က “ အာရှ” ရဲ့ (အရှေ့ တောင်အာရှ မဟုတ်ပါ) စပါးကျီအိုးကြီးလို့ ခေါ်တဲ့ မြစ်ဝကျွန်းပေါ်ဒေသ တွေကို
ရေနက်ကွင်းလုပ်လိုလုပ် မြို့တော်ဟောင်း ရန်ကုန်မြို့တော်ကြီးကို ဂတုံးတုန်းလား တုန်းရဲ့ 
သွပ်ပြားတွေ နဲ့  ဂြိုလ်တုစလောင်းတွေကို မူရင်းနိုင်ငံ ဆီ တရားမဝင် ထုတ်ကုန် ပြန်ပို့  လို ပို့ နဲ့ 
မင်းလုပ်ခဲ့တာတွေ မင်းမငြင်းချင် စမ်းပါနဲ့ ....ငဂစ် ရယ်
ဟိုးအရင်က တို့ တတွေ “ ဆန်လှူဆားလှူ” လှူခဲ့ရတဲ့ (' Un' နဲ့  ' UNICEF' တို့ ရဲ့အထောက်အပံ့နဲ့ ရှင်သန်နေရတဲ့)
“ ဘင်္ဂလားဒေရှ့် ” လို နိုင်ငံ က ရေသန့် ဆေးပြားတွေ လှူသွားတဲ့ ဘဝရောက်ရပြီ...တောက်.ရိုင်းလိုက်လေ ကွာ.
မင်းမပြုံးနဲ့ ...တို့ တွေစိတ်ထဲလဲ မုန်တိုင်းဆိုတာ တသက်လုံး အဖျားလောက်ဘဲ အခတ်ခံရတာ..“ မုန်တိုင်း” ဆိုတဲ့ ဝေါဟာရ က
ဘင်္ဂလားဒေရှ့် မှာ ဘဲ မှတ်ပုံတင်ထားတာ.. တို့ တွေရဲ့  ပေါ့လျှော့မှူ နဲ့ မင်းကိုအထင်သေးခဲ့တာအတွက်တော့ ဝန်ခံတယ်.
ဒါပေမဲ့...မင်း “ ရွှေတိဂုံ ” ဘုရားကို အဝေးကဘဲ ကြည်ညို သွားတဲ့အတွက်တော့ ကျေးဇူးတင်မိတယ်..တစ်စုံတစ်ခု သာဖြစ်ကြည့်
မင်းမလွယ်ဘူးမှတ်..လုံးဝခွင့်လွှတ်ကြမယ်မထင်နဲ့ ..
မင်းထင်ရာကြဲပြီးတော့.နောက်ဆုံး “ တတိယ နိုင်ငံ” ကိုဦးတည်ခိုလှူံသွားခဲ့ ပြီပေါ့..( Mission Complete) ပေါ့ကွာ...ဟုတ်လား?
အေးဒီတစ်ခါ...ပထမ ဦးဆုံး နဲ့  နောက်ဆုံးဖြစ်ပါစေ...
" Diaster" အဖြစ်နဲ့  တို့ တတွေခံ ယူလိုက်မယ်...
တစ်ခုပြောလိုက်ချင်တာက....
“ မင်းလမ်းမှားရောက်သွားတယ်” နာဂစ် “ မင်းလမ်းမှားသွားပြီ” ...
အထူးသတိပေးချက်။ ။ အေး..ဟေ့ကောင် “ နာဂစ် ” 2010 မှာ မင်းဒီပုံစံအတိုင်း နဲ့ ပြန်လာအုံးမယ် ဆိုလို့ ကတော့
မင်းတို့  ကပ္ပလီပင်လယ် ကိုမီးလောင်တိုက်လာသွင်းပြမယ်.မှတ်( ဘာ.လောင်စာဆီ အခက်အခဲ ဟုတ်စ..မင်းစိတ်သာချ..
Gas တွေနဲ့ ကို လာရှို့ ပြမယ်..ကောင်းကောင်းသာ သတိထားနေ)
Thursday, May 8, 2008
" Nargis " အား လက်သီးပုန်း ပြခြင်း..
Labels:
concern with Nargis
Subscribe to:
Post Comments (Atom)





2 comments:
အတွေးရော အရေးပါကောင်းတယ်ဗျာ
Nice Thoughts!!
Soe Mya Nandar Thet Lwin
Post a Comment