www.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.wswww.bigoo.ws
: ဖြစ်တတ်ပါတယ်.

Sunday, June 22, 2008

ဖြစ်တတ်ပါတယ်.

ဟာသဟောင်းလေး တစ်ခုပါ.
မြန်မာ သဘောင်္သား (၃)ယောက် Transit အတွက် အထပ်(၁၀၀) ရှိတဲ့ ဟိုတယ် ကြီးတစ်ခုမှာ
တည်းနေကြတယ်ပေါ့ဗျာ.
(၃)ယောက်သား တစ်နေကုန် လည်ပတ်ပြီး “ည” ဟိုတယ် ပြန်ရောက်တော့  ဇာတ်လမ်းကစပါပြီ.
ဧည့်ကြိုကောင်တာ မှ တစ်ခုတည်းသာရှိသော ဓါတ်လှေကား ချို့ ယွင်းနေပါသဖြင့်
“လူကြီးမင်း တို့ အားတောင်းပန်ပါကြောင်း နှင့် နံနက်မှ ပြန်လည်သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း”
“Lobby ”ထဲတွင် ထိုင်ခိုင်းကာ “Gathering Juice ” များတိုက်ကာ အနူးအညွတ်တောင်းပန်၍
ဧည့်ခံပါလေတော့သည်။


(သူတို့ စိတ်ဓါတ် ကျသွားကြပါသည်။ အခန်းက အထပ် (၁၀၀) တွင်ဖြစ်နေသောကြောင့်ပါ.)
(၃)ယောက်သား ခေါင်းချင်းရိုက်တိုင်ပင်ကာ ဟိုတယ်ပြောင်းရန်လည်း မဖြစ်သည့်အဆုံး
မြန်မာ ပီပီ လမ်းလျှောက်တက်ရန်သာ ဆုံးဖြတ်လိုက်ကြပါတော့သည်။
(ထွေထွေလေးနဲ့ တက်ရန်ဦးတည်လိုက်ပါသည်)

ပထမ တစ်ယောက်က .
“ငါ.က မပျင်းရအောင် ရယ်စရာလေးတွေ ပြောမယ်”
ဒုတိယ တစ်ယောက်က လည်းအားကျမခံ ..
“ငါ.ကတော့ လွမ်းစရာ၊ ငိုချင်စရာ လေးတွေပြောမယ်.ကွာ”
တတိယ တစ်ယောက်က ...
“ဒါဆိုရင်.ရပြီ ငါက နားထောင်ပြီး ဘဲလိုက်တော့မယ်. လိုအပ်မှ ဝင်ပြောမယ်.ကွာ”
ဆိုကာ (၃)ယောက်သား ငိုလိုက်၊ ရယ်လိုက်နဲ့ တက်လာကြရင်း (၉၉) ထပ်အရောက်မှာတော့.

တတိယ တစ်ယောက်...
“ငါပြောစရာ ရှိတယ်ကွာ.မင်းတို့ ရယ်ချင်လည်းရယ်၊ ငိုချင်လည်းငို ကြကွာ”
ကျန် ၂- ယောက်စလုံးက...
“အဲဒီလို စကားမျိုး လုံးဝမဖြစ်နိုင်ဘူး.တစ်ခါမှ လည်းမကြားဖူးဘူး. ကဲ.ပြောစမ်းပါဦး.”

“မပြောမဖြစ်လို့ သာပြောရတာပါကွာ. ငါတို့ အခန်းသော့ ဧည့်ကြိုကောင်တာ မှာ ကျန်ခဲ့တယ်”

11 comments:

Anonymous said...

ဟေ့လူကြီး... ရီလဲမရီချင်ဘူး၊ ငိုလည်းမငိုချင်ဘူး။
သတ်ချင်ဗျ.....သတ်ချင်တယ်.....ဟီးးးးးး ဟီးးးးးးးးးးးးးးးးးး

PP said...

ရက်စက်လိုက်တာဂျာ @.@

အိတာ said...

သေပြီဆရာ......:D

စိုးထက် - Soe Htet ! said...

သော့ကို ဖုန်းဆက်ပြီး လာပို့ ခိုင်းလိုက် ... :P

ကိုရင်နော်ခင်လေးငယ် said...

ဟဟား.. ကိုပါဂနာ သာ ဆင်းယူပေးလိုက်ပါ.. :)

Anonymous said...

တစ်ယောက်ထဲ သွားယူရမှာ ပျင်းရင် ထန်းရေမူးနေတဲ့ ဒင်းကြီးကိုပါခေါ်သွားလိုက်....
သူ့ချစ်ချစ်စပ်စလူး ဆီက သွားယူပြီး
ခင်လေး အမြည်းထည့်ပေးလိုက်မယ်..
“အသဲငပိထောင်းရှုးရှဲ”လေး....

Anonymous said...

ပ ဟီးက ရီတာ
ဒု ဟီးက ငိုတာ
ဟီးးးးးးး ဟီးးးးးးးး

၀ဿန်ဦး said...

အခန်းရှေ့ရောက်မှ ပြောပါတော့လားဗျာ :P

mgthonnya said...

ဟဟ..သေတာပဲ

Anonymous said...

Lets' go to 100th FL first, then jump to the ground floor.....hehehe........

Anonymous said...

ဟား ဟား....
ဖြစ်မှဖြစ်ရလေနော်.......
သနားပါတယ်..ဟိ ဟိ.
ကိုစိုးထက်ပြောသလိုလုပ်ခိုင်းလိုက်ပါ..:D