
အားပါးတရကြီး ..ကို. England မှာ... မှတ်ချက်....England (Captain) တိုင်းချော်လဲ ဖူးပါသည်..Sponsor ဖိနပ် Company များအားတရားစွဲ ကြပါကုန်..။ သမိုင်းကြောင်း ရှိခဲ့တဲ့ ကျောနံပါတ် (7). ကျွန်တော် မှီသလောက်ပေါ့နော်. ဒီလို သမိုင်းကြောင်းတွေ ရှိခဲ့တဲ့ ကျောနံပါတ်တွေပါ... ညီမငယ် ဒေါ်ရွှေမိုး နဲ့  မရပ်မနား ခရီးသည် ကိုရွှေလူလှ သို့ .အမှတ်တရ။
ကြွားပရစေ တော့...
King of Europe (2007/08) ဘဲ ဆိုဆို.
(Double Dream) လို့ ခေါ်တဲ့...
တနှစ်အတွင်း.ဒုတိယ ဖလားကြီးလို့ ဘဲပြောပြော... ဗျာ.
ဟုတ်ကဲ့..အဲသဟာ ကြီးကို..
ထိုက်ထိုက်တန်တန် ကြီးကို.ရယူပေးခဲ့ပါပြီ..(ဂုဏ်ယူပါတယ်.သရဲနီတို့ )
Liverpool ရဲ့ League ဖလား(၁၈) ကြိမ်ရထားတဲ့ စံချိန်ကို ဒီဖလားကြီးနဲ့ တန်းတူ ယှဉ်နိုင်ပါပြီ..
Liverpool ဆိုတာကလည်း Eng; မှာ အစဉ်အလာ တွေ ဒုနဲ့ ဒေးပါ.
Champion League သမိုင်းကြောင်း မှာတော့..
Real Madrid က.(၉) ကြိမ် နဲ့  အများဆုံး စံချိန်တင်ထားပါတယ် .ဗျား.
(1956,1957,1958,1959,1960,1966,1998,2000,2002)
England အသင်းတွေထဲမှာတော့.
Liverpool က (၅)ကြိမ် နဲ့ အများဆုံးပါ.... (1977,1978,1981,1984,2005)
ကျွန်တော်တို့  ဇာတ်လိုက်ကျော်ကြီး (သရဲနီတွေက) ...(၃) ကြိမ်နဲ့  ဒုတိယပေါ့..(1968,1999,2008)
Nottingham Forest က (၂)ကြိမ်..(1979,1980)
Aston Villa က (၁)ကြိမ်...(1982)..
အဲဂလို.အောင်မြင်မှုတွေ.ရှိခဲ့ကြ ပါတယ်ဗျား...
ကျန်တဲ့ အသင်းတွေလား..
ဟုတ်ကဲ့..အဲဒါ... England က အောင်မြင်ခဲ့တဲ့..အသင်းတွေ အကုန်ပါဘဲ...ဒီမှာ ဗျ
နောက်တစ်ခု ......
မန်ယူ ကိုကြိုက်ရတာကတော့..သရဲနီတွေဟာ မိနစ်. ၉ဝ ဘဲ ကစားတာ မဟုတ်ပါ.
၉ဝ + injury time အထိတိုင်အောင်. တိုက်ပွဲဝင် တတ်တဲ့ .စိတ်ဓါတ် ကိုပါဘဲ..
မှတ်မိကြ ဦးမှာပါ...
ဖလား(၃)လုံး ပိုက်တဲ့ 1999 နှစ်တုန်းကပေါ့.
Bayern Munich က မိနစ် ၉ဝ အထိ 1 :0 နဲ့  နိုင်နေတာ..
အဲ. Injury time ပေးတဲ့ (၃) မိနစ်အတွင်းမှာ.
(၂) ဂိုလ်းသွင်းခဲ့တဲ့.စိတ်ဓါတ်လေးကိုပါ.
(၉၁) မိနစ်မှာ " Teddy" လို့ ခေါ်တဲ့ " Sheringham" က ချေပဂိုးသွင်းတယ်.
Last min; (၉၃) မိနစ် မှာတော့ ...
“ကလေးမျက်နှာ နဲ့ အသံတိတ် လူသတ်သမား” (Silent killer with baby face) လို့  နာမည်တွင် သွားတဲ့.
" Ole gunnar Solskjaer" က အနိုင်ဂိုးသွင်းကာ “ Oliver Kahn” တို့ ကို ပြန်ဒုက္ခပေးခဲ့ပြီး.
တတိယ ဖလားအဖြစ် သိမ်းပိုက်လာခဲ့တယ်..("Barcelona" ရဲ့  "Nou Camp" ကွင်းမှာပေါ့).
အဲဒါက. ဘယ်သူနဲ့ မှမတူတဲ့ ပွဲသိမ်းခရာသံ မကြားရမချင်း .တိုက်ပွဲဝင် စိတ်ဓါတ် အပြည့်ရှိတဲ့. “မန်ယူ” ပေါ့.
ဪ..ကြုံတုန်းဗျာ.အဲဒီ. " Ole" ရဲ့  ဂုဏ်ပြုနုတ်ဆက်ပွဲ လေး ဒီ Augest မှာ လုပ်ပေးကြအုံးမှာ.ဗျို့ ...
(Legend Player တစ်ယောက်အနေနဲ့ ပေါ့)
အင်း..(၉) နှစ်တောင်ဝေးကွာခဲ့ ရတဲ့ ဒီဖလားကြီးကို ပြန်သယ်လာ ပေးခဲ့တဲ့..
သရဲနီ တွေနဲ့  အတူ သရဲနီ ပရိသတ်ကြီးကို ဂုဏ်ပြုလိုက်ပါတယ်...
ဪ ..ဒါနဲ့ .
နောက်နှစ် ရောမ မှာဆုံကြဦးမယ်နော်.. 








.jpg)
.jpg)
.jpg)

.jpg)
.jpg)



.jpg)
.jpg)


.jpg)
.jpg)

1999 ခုနှစ် အမှတ်တရ. ပုံရိပ်.jpg)










3 comments:
ချန်ပီယံဆိုမှာတော့ မန်ယူပဲပေါ့ဗျာ။ မန်ယူမှာ မန်ယူ ပဲ အားလုံးကို ကျော်ဖြတ်ပြီးတော့ ချန်ပီယံလိဒ်ဖလားကို ရအောင်ယူနိုင်တဲ့ မန်ယူရဲ့ စိတ်ဓာတ်ကိုတော့ လေးစားစရာပါပဲဗျာ။
မိုက်တယ်ဗျိုး။ ပွဲတိုင်းအနိုင်ယူ တို့မန်ယူ ဟိဟိ :D
သမိုင်းကြောင်းနဲ့
အစဉ်အလာနဲ့
လာတာ
မန်ယူပါ။
ကျွန်တော်ပြောပါတယ်...
နောက်ဆုံးတော့လည်း မန်ယူက မန်ယူပါပဲ..
:D
Post a Comment