မှန်တာပေါ့ဗျာ...ရိုးရိုးလေးဘဲတွေး. ကိုယ်ကိုတိုင် မိဘ ဘဝ
ရောက်မှ သားသမီး အပေါ် ထားတဲ့အမြင် နဲ့ 
ဩော် ငါတို့ ငယ်ငယ်တုန်းက လဲ အဖေတို့  အမေတို့  လဲ ဒီလိုပါဘဲလား ဆိုတဲ့ အသိ
( အမြင်နှစ်မျိုးဖြစ်သွားပြီလေ)
ကျွန်တော့် သမီးရက်သားလောက်ကပါ...
သူရဲ့ အနှီးများနှင့် ကျွန်တော်တို့ လင်မယားနှစ်ယောက် လုံးချာလည်နေခိုက်
အမေက၀င်ရောက်ကူညီ လဲလှယ်ပေးရင်း အားလုံးပြီးသခိုက် သမီးအားအမေက ဆတ်ကနဲ ပွေ့ အချီ
မိချောင်းသား ကျွန်တော်က " အမေ... ဇက်မခိုင် သေးဘူးနော် " ဟု လွှတ်ကနဲ ပြောမိရာ
ပြုံးပြုံးကြီးပြောသည့်စကားက" နင့်ကိုငါမွေးခဲ့တာပါ..ငါ့သားရယ်.ပိုကိုပိုတယ်."
( အမှန်တကယ် ရှက်မိပါသည် )
ထို့ နောက်အကြောင်းအရာ တစ်ခု သတိရသွားကာ အဖေ့ဘက်သို့ လှည့်ကာ
"ကျမ သားကမှ သူ့မိန်းမ ကူဖော်ရသေးတယ်.ရှင်.ကတော့ ကျမကို Nurse တွေ Maid တွေနဲ့ ..ပစ်ထားတယ်"
စာဖတ်နေသော အဖေ မျက်မှန်ပေါ်က ကျော်ကြည့်ရင်း ပြုံးပါသည်..
( အဖေ ကတော့ ခွေးကောင် မင်းအနေအထိုင် မတတ်တာနဲ့  ငါ အပြောခံ ရပြီ ဟုစိတ်ထဲမှ ပြောနေမလားဘဲ. )
( နှစ်ထပ်ကွမ်း... အရှက်ပါ)
ဩော်..မာတာ နဲ့  ပီတု
ကျွန်တော်တို့  နဲ့ အတူ အိပ်ရေးပျက်ခဲ့ရသော မာတာ မိခင် မေမေ နှင့် မိုးလင်းတာနဲ့ သူ့ မြေးလာလာကြည့်တတ်သော ပီတု ဖခင် ဖေဖေ
တို့ အား အစဉ်လက်ဆယ်ဖြာမိုး..ရှိခိုးလျှက်
Showing posts with label Huge Images. Show all posts
Showing posts with label Huge Images. Show all posts
Sunday, April 20, 2008
ကျွန်တော့် ရဲ့  မြင့်မိုရ်တောင်ကြီး နှစ်ဆူ...
Labels:
Huge Images
Subscribe to:
Posts (Atom)




