ကျွန်တော်တို့  ဆိုဆိုနေကျ သီချင်းလေး တစ်ချို့ ဆိုပြချင် လို့ ပါဗျာ.
အဆောင်မှာ ဘဲ ဖြစ်ဖြစ် အိမ်မှာဘဲ ဖြစ်ဖြစ်
လူငယ် ဘာသာဘာဝ ဆိုခဲ့ကြဖူးမှာပါ
အမှူ့ မဲ့ အမှတ်မဲ့ ဖြစ်နေလို့ သာ ဂရုမစိုက်မိတာပါ...
အဆောင်နေ ကျောင်းသားဘဝ ဆိုဖြစ်တဲ့ သီချင်းလေးတွေကတော့.
လဆန်းရက် မှာဆိုဖြစ်တာက.
♪.သူမလာ. လာ. လာ. လာ. လာ. လာ.♫. ကိုယ်ကစောင့် ရမှာ.♫.♪
အဲ.ယူထားတဲ့ အကြွေးတွေ မဆပ်ချင်သေးဘူးဆိုရင်..
♪.တို့ ကမေ့တတ် တယ်နော်.♫. အချစ်. ♫.♪
အကြောင်းသိ သူငယ်ချင်းတွေ အကုန်ကျခံ ကျွေးမွေးရင်တော့
♪.စားမှာဘဲ ဝါးမှာဘဲ.♫. ဗိုက်ပေါက်အောင် စားမယ်.♫.♪
လကုန်ခါနီး တစ်ပါတ်လောက် အလို
♪.သွားပီ ♫.မရှိတော့ ဘူး.♫.♪
ဒီလိုနဲ့  လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့ အခါ...
Interview အခါခါခေါ်ပြီး အဆင်မပြေ ဘဲ ပြန်ခဲ့ရရင်
♪.ဒီလမ်းထဲကို.♫.နောက်တစ်ခါ .♪.ဘယ်တော့မှ မလာတော့ဘူး.♫.♪
အလုပ်လုပ်ရင်း ..
OT အပြည့် အဝ မရခဲ့ရင်
♪.ရွှေပြည်တော် ♫.ရယ်မျှော်လေတိုင်း.♪.ဝေး.♫
တစ်နှစ်ပြည့်လို့  Bonus ကိုယ်တစ်ယောက်ထဲ မရခဲ့ရင်
♪.ငါ မင်းကို.♪.သတ်ချင်တယ်.♫.♪
သြော်.မေ့လို့ .စိတ်ထဲရှိတာ “ဝင်ဟဲ” သွားလို့ ရတယ်နော်...
Sunday, June 29, 2008
¶ တိုတို... ထွာထွာ ¶
Labels:
သီချင်း သက်သေ
Subscribe to:
Post Comments (Atom)






6 comments:
ဝင်တော့..ဟဲ တော့ဘူးးးး...
ထပ်ပြီး..တစ်ခု တောင်းဆိုမယ်..
မာမာကြီး ချိတ်ကောက်ရင် ချော့တဲ့ တီချင်း ချိုပြပါဂျို့..
ခင်တဲ့...
(ခင်လေးငယ်)
သြော်.....ခုပြန်လာဆိုတယ်...နားထောင်နော်
ယောင်္ကျားလေးတွေက သူတို့ လုပ်ချင်တာလုပ်ပြီး
ရည်းစားတွေကိုဖြတ်ချင်ရင်...လေးဖြူသီချင်းဆိုတယ်..
ဒီနေရာလေးလေ....အဟမ်း..အဟမ်း...
“မင်း...ငါ့ကိုမချစ်နဲ့တော့....မျှော်လင့်ချက်ထားတာမှားဘီပေါ့.......
.......................................................
မင်းလေး ငါ့ကိုမေ့လိုက်တော့....”
(ခင်လေး)
သူတို့ တစ်ခြားကောင်မလေးတွေနဲ့ ပွေပြီးရင်
ဆိုတာ လို့ပြောတာနော်...
၂၆၊၂၇ ရက်မှာဆိုတာက " သွားပြီ၊ မရှိတော့ဘူး ။ အားလုံး အားလုံး အရည်ပျော်သွား " ဟိ လခကလည်း မရသေး ပြီးခဲ့တဲ့လခ ကလည်း ကုန်ပြီ။ :P
ကိုပါရေ... ကိုင်ဇာသီချင်းလေးသတိရတယ်ဗျာ။
သူငယ်ချင်းရေ xxxx ခြောက်နာရီတောင် ထိုးပြီးပါပကောလေ xxxxx လာကြဟေ လက်ဖက်ရည်ဆိုင်ကို သွားကြပါစို့လေ xxxxx
ဘိုင်ပြတ်နေလို့ လက်ဖက်ရည် တိုက်စမ်းပါ။
ဟီးးးးးးး ဟီးးးးးးး
စနေ နေ့ ညကိုးနာရီပြတ်ပါပြီ ဟီိးးးးးးးးးးး ဒုတ်...:D
Post a Comment