ကျွန်တော့်. နာမည်လား “ငနီ” တဲ့ဗျ...
ကျွန်တော် တို့ ညီအစ်ကို မောင်နှမတွေ ကအများကြီး ဘဲ.
ဒီ စားကျက်ကွင်း ကြီးထဲမှာ ကြီးပျင်းလာခဲ့ကြတာ.
အဲဒီလို နဲ့ .တစ်နေ့ မှာ“လူ”တစ်ယောက် ရောက်လာပါရော.
စိတ်တိုင်းကျခိုင်းချင်လို့ ပါပေါ့.
ခြံပိုင်ရှင် ကလဲ “စိတ်တိုင်းကြ စမ်းသပ်ကြည့် ပါပေါ့”
အပြင်က ပုံစံတူ တစ်ကောင်ကို သူ့ စိတ်ကြိုက် အမျိုးစုံ စမ်းသတ်တယ်.
ရုန်းအား၊ ဆွဲအား၊ ခံနိုင်ရည် (ဝန်ပါ၊ ဝန်မဲ့)
အိုဗျာ. စုံနဖာစိ နေတာဘဲ. စမ်းသတ်လိုက်ချက်တွေကတော့.မီးထွက်မတတ်ပါဘဲ.
အဲ. မေးလိုက်သံကြားတယ်ဗျ.ဘာတဲ့.“ သွားပြာ” ကောပါရဲ့ လားတဲ့.
ဗုဒ္ဓေါ. တစ်ခါမှ မကြားဖူးပါဘူး. ကြားဖူးတာက “အလကား.ရတဲ့နွား သွားဖြဲမကြည့်နဲ့ တဲ့”
သွားစုံရင်ပြီးရောပေါ့ဗျာ.နော့.ကျွန်တော် နားကြားလွဲ တာဖြစ်ပါလိမ့်မယ်.
အဲ. သူစိတ်တိုင်း ကျပီလဲဆိုကော. ကျွန်တော့် ကိုလက်ညှိုးထိုး ပီး.
“ဒီကောင်ဘဲ ယူတော့မယ်”တဲ့. အေးရော.
ဒီသခင် သစ်လက်ထဲရောက်တော့.
ရောက်ခါစ ( ၈) နာရီ လောက် အနားပေးရမယ့် ဟာကို
(၃)နာရီလောက်နဲ့  စမောင်းတော့တာပဲ. တစ်ယာညက်လောက်ပဲ ပေါ့ဗျာ.
အဲဒီ နေ့ သိပ်တော့ မလုပ်လိုက်ရပါဘူး..
(အပျော်ရွှင် ရဆုံးနေ့ လေးတစ်နေ့ ပေါ့).
ဒီလိုနဲ့ .ရက်တွေ၊ လတွေ ကြာလာတာနဲ့ အမျှ
ကျွန်တော်ထွန်ရေးပြင် ကြိုးစားရပါပီ...
ယာတွေလည်းညက်ညက်ကြေ.သခင်ကလည်း တပြုံးပြုံး နဲ့ 
မရောက်ဖူးသေးတဲ့. ယာမြေ အသစ်တွေလည်း ရောက်တတ်သေးပါ့.
သခင့်ဘဝ မြင့်မားရေး၊ ဥစ္စာဓန တိုးပွါးရေး.
ကျွန်တော် ဘဲစွမ်းဆောင်ပေးခဲ့တာ.ပျော်ရွှင်စရာ အတိပါဘဲ.
အဲဒီမှာ.ထူးဆန်းတာက လင်ရော၊မယားရော ကျွန်တော့်ကိုကျွမ်းကျင်စွာ ထိန်းကျောင်းနိုင်တယ်ဗျ.
တခါတလေ.သား၊ သမီးတွေ ကပါ ဝင်ဝင်ဆော့တတ်သေးတယ်။
သူတို့ တွေ “နကန်” (နွားရိုက်ဒုတ်) မသုံးဘူးဗျ.
ကျွန်တော် လိမ္မာတာလည်း ပါတာပေါ့နော်.
အသာအယာဘဲ လက်ချောင်းလေးတွေနဲ့ ပွတ်သတ်ပြီးခိုင်းတာ.
အဲ.ကျွန်တော် “အမုန်းဆုံး” က သူတို့ ကိစ္စတစ်ခုပီးတိုင်းပီးတိုင်း
ကျွန်တော့် “ခေါင်း” ကို လက်သန်းလေးနဲ့  “ဖောက်” ကနဲ “ဖောက်” ကနဲ တောက်.တောက်သွားတာ.
အ န္တ ရယ်များတယ်ဗျ.“ ဦးဏှောက်” က အဲဒီနေရာ အောက်တည့်တည့်မှာ.
ထားပါတော့. ကိုယ့်သခင်တွေဘဲလေ.
ကျွန်တော်လား.“ရေ”တော့ကြောက်တယ်ဗျ.
အဲဒါကို သိတဲ့ သခင်က“မိုး”ထဲလေထဲ ကျွန်တော့်ကို မထားဘူး.
နွေးနွေးထွေးထွေး ပဲထားတယ်. ကျွန်တော် ကလည်း.
သက်သာရင်ပြီးရော. မိုးကြီး၊ လေကြီး ကျပြီး မိုးကြိုးတွေ ဒလစပ် ပြစ်တဲ့ရက်ကိုဘဲ
မျှော်မျှော်နေမိတယ်. ထူးတဲ့မောင် ပေါ့ဗျာ.
အဲဒီလို.နေလာရင်းကနေ..
ဘယ်သူ မြှောက်ပေးလိုက်တယ် မသိပါဘူး.
သခင် ခြေလှမ်းတွေပျက်လာတယ်.ကျွန်တော် လည်းသေလုမျောပါး ပင်ပန်းလာတယ်.
နေ့ ရော ည ပါ.
တစ်ခါတစ်လေ.မိုးလင်းတာက ရှိသေး..(ခန္ဓာကိုယ် ကပူကျစ်လာတဲ့ အထိပါဘဲ)
ဘယ်ခံနိုင်တော့ မလဲ. ကျွန်တော် ကမောက်ကမ တွေလျှောက်လုပ်ပလိုက်တယ်.
အဲဒီတော့ .စွမ်းဆောင်ရည်မပြည့် လို့ ဆိုပြီး.သခင်က စိတ်ဆိုးပြီး..
ကျွန်တော့်ကို “နဖားကြိုး” စထိုးပြီး“ခိုင်း” ပါတော့တယ်.( ကြိုးနဲ့ ကော ကြိုးမဲ့) ပါခိုင်းတာပါ.
စိတ်တိုင်းမကျတဲ့ အခါ မျိုးဆိုရင်.ကျွန်တော့်ကို ပြောသေးတယ်.“ ဒီကောင်.ပေကပ်ကပ်နဲ့ ”
အဆင်ပြေတဲ့ အခါပြောတာကတော့. “ဒါမှ.ဖေ့သားကြီး. ကွ” တဲ့...
အမှန်တကယ်ကိုဘဲ.ကျမ်းမာရေး ညံ့လာပါတော့တယ်...အဓိကတရားခံ လား.
ဟိုနှစ်ကောင်ပေါ့. ခြံကျော်ကျော်ပြီး ဝင်လာတဲ့ကောင်တွေလေ.
“မြင်း” နာမည်ပါတဲ့ကောင်ရယ်.နောက်ဗျာ.ဘာပါလိမ့်
“တီ” လိုလိုအကောင်တွေဘဲ. ရောဂါပိုးတွေ ကျွန်တော့်ဆီ ကိုသယ်လာတာ.
ရောဂါကလည်း အဆန်းသား(ခွါနာ၊ လျှာနာ) ထက်ဆိုးသဗျ.
သူတို့ တွေကြောင့် ကျွန်တော် ဝေဒနာတွေတိုးလာတယ်. အမြင်တွေဝေဝါးလာတယ်.
ဒါလဲဘဲ.ကျွန်တော် သခင့်ကိုသတိပေးခဲ့ပါသေးတယ်.
အဲ.ဘုန်းဘုန်းလဲတဲ့ အခါမတော့. သခင်က ဆေးမြီးတိုလေးတွေနဲ့ လက်ပူတိုက်
ကုသပေးလို့ .နာလန်ပြန်ထ လာနိုင်ခဲ့တယ်.
ဒါပေမဲ့.တရှောင်ရှောင်နဲ့ ပေါ့ဗျာ. ဘယ်လိုလုပ် စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါ့တော့မလဲ.
တစ်မိသားစုလုံးလည်း...ညိုငြင်လာကြတာပေါ့.
အနားတောင် ကပ်ဖော်မရ ကြတော့ဘူး..
ပြောနေတာ.စကြားရပါပြီ.
ကျွန်တော့်ကို တခြားတကောင်နဲ့  အလိုက်ပေးလဲ တော့မလိုလို.
သူများဘဲ လက်ဆောင်ပေးတော့ မလိုလို ကြားနေရတယ် ဗျ.
ကျွန်တော့်မှာတော့.. ရွေးချယ်ခွင့် မရှိရေးချ မရှိ.ပေါ့ဗျာ.
ကံ ဇာတ်ဆရာ အလိုကျ “က”ရမဲ့ မျက်နှာမွဲ ဘဝ တွေဘဲလေ.
သူတို့ နဲ့ ရေစက် ပါသလောက်ပဲပေါ့.. စိတ်ထဲတော့ တစ်မျိုးဘဲဗျ.
ဘယ့်နှယ်ဗျာ. ခိုင်းတုန်းက မတရားသဖြင့် ခိုင်းပြီး၊ သူတို့ ဂရုမစိုက်ခဲ့လို့ 
ကျွန်တော် ရောဂါရပြီး စွမ်းဆောင်ရည် ကျတဲ့ အခါမှာတော့
လှည့်ကြည့်ဖော်တောင် မရတော့တဲ့ “လူ”တွေအတွက် ကျွန်တော့်ကို
ဆုတောင်ခွင့်လေးတော့ ပေးစေချင်ပါတယ်.
အဲဒီ ဆုတောင်လေး ကတော့...
“ Computer” ဘယ်သောအခါမှ “မဖြစ်ပါရစေနဲ့ ” .***
**ဆုတောင်းမပြည့် ဘဲ “Computer” ပြန်ဖြစ်ခဲ့ရင် တောင် “ မြန်မာ” နိုင်ငံ ၌သာ ဖြစ်ရပါလို၏.**
ကျွန်တော့် အား. Software ပညာရှင်နဲ့  Hardware ပူးပေါင်းလုပ်ဆောင်ပေးနိုင်ရင်တော့
ဒီလို သာကျေးဇူးဆပ်လိုက်ချင်ပါတော့တယ်...
Thursday, June 12, 2008
ဆုတောင်း ... WisH!
Labels:
Vaccine
Subscribe to:
Post Comments (Atom)





7 comments:
နွားအကြောင်း အောက်မေ့လို့ စိတ်ဝင်တစားနဲ့ ဖတ်နေတာ. ဘယ်တော့များ သားသတ်ရုံပို့ မလဲ ဘာညာပေါ့။ နောက်ဆုံးတော့ ဒီ PC အစုတ်ကြီး အကြောင်းရေးထားတာကို. Good Idea !! :P
လူကြီး အဟုတ်မှတ်လို့ ဖတ်နေတာ။ ကျုပ်ခြံက မနက်တိုင်း ကျွန်တော့်တံခါး မဖွင့်မချင်း တဘဲဘဲ အော်ပြီး ဆားတောင်းတတ်တဲ့ ကျွန်တော့် အသဲစွဲ ခြံပေါက်ကျွဲလေး တောင် သတိရသွားတယ်။ အခုတော့ သူက PC တဲ့ feeling ပျက်လိုက်တာဗျာ။
တော်ပြီကွာ...ဒီ pc စုတ်ကြီးကိုလွှင့်ပစ်လိုက်စမ်းပါ..စတာနော် ..စိတ်ဆိုးရဘူး။...
မိုက်တယ်ဗျာ။ အိုင်ဒီယာနဲ့ metaphor က :)
အော်......နွားအကြောင်းလားလို့ဖတ်နေတာ.နောက်မှသိ
တော့တယ်......ဖတ်လို့ကောင်းတယ်
ဟ...စောက်ရူးရ...မင်းနဲ့ မင့် အမျိုးတွေအကြောင်းရေးနေတယ် မှတ်နေတာ ..ဘယ်ဟုတ်လို့တုန်းကွ...ပီစီ ဒဲ့...ဒါနဲ့ မင်းရဲ့ ပထွေးလေး ငတီးနဲ့ရော ..အဆင်ပြေရဲ့လား.. အဆင်ပြေအောင် အလိုက်အထိုက်ပေါင်းပါကွာ...အဲဒါမှ မင်းဘလော့လေးလဲ နံမည် ကြိးမှာ ....ဘာတဲ့ ဂုတ်ကျားမှီပြီး အောင်နက် က အရိုးကိုက်တယ် ဆိုလားကွ... ဟားဟားဟား....ရေနဲ့လာပက်တယ်လို့ မှတ်ပါကွာ...သေးကတော့ မင့်ပါးစပ်ထဲ လောင်းထည့်မှာကွ...ဟထားပေါ့ကွာ..မင်းပါးစပ်ကို.. အမြင်မတော် စောက်မြင်ကပ်တဲ့သူတွေ က ချီးပါ ပါထည့်ခဲ့လိမ့်မယ် ...စောက်ရူးရေ
Anonymous ဆိုတဲ့(အိမ်ယာမဲ့လေး)
အဲလောက် ဆိုရင် မဆိုးဘူးဟ...
အရူးလောက် ဂုတ်ကျားလောက်ဆို မဆိုးပါဘူး
တန်းထဲ ကစကား တွေတော့ သယ်မလာနဲ့ကွာ.
“အမိယုတ်တော့ နှုတ်ကြမ်းတယ်” တဲ့ကွ
ငါကလည်း မဖျက်ချင်ဘူးကွာ
လွတ်လပ်စွာ ပေါက်ကွဲခွင့် ရှိတယ်
ပေးလည်းပေးထားတယ်
စိတ်ထဲမပါဘဲ ပို့စ်လေးတွေဖတ်သွားတဲ့ အတွက်
ကျေးဇူးတင်တယ် ဟေ့
Post a Comment